VCANPRINT တံဆိပ်ရိုက်သင်တန်း

Q: တံဆိပ်ရိုက်နည်းကို လေ့လာရန် ဘာတွေ လိုအပ်ပါသလဲ။
A: အခက်အခဲကို မကြောက်ရွံ့ပဲ ကြိုးစားအားထုတ်မှုနဲ့ ဇွဲ၊ လုံ့လ၊ ဝီရိယရှိရန် လိုအပ်ပါတယ်။

Q: ကျွန်တော်က ဒီဇိုင်းမဆွဲတတ်ဘူး၊ Adobe Illustrator နှင့် Adobe Photoshop ကိုလည်း အသုံးမပြုတတ်ဘူးဆိုရင် ဘယ်လိုလုပ်ရမလဲ။
A: စိတ်မပူပါနဲ့ VCANPRINT ရဲ့ Designer တွေက မိတ်ဆွေရဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပေးမှာပါ။ မိတ်ဆွေက ပရင်တာ(printer)ကို အသုံးပြုတတ်ဖို့သာ လိုအပ်ပါတယ်။

Q: VCANPRINT မှာ အခြားမည်သည့် အထောက်အပံ့နှင့် အကူအညီများ ပေးပါသလဲ။
A:

  1. VCANPRINT သည် မြန်မာနိုင်ငံအနှံ့ အကောင်းဆုံးအရည်အသွေးနှင့် အသက်သာဆုံးစျေးနှုန်းရှိသော မှင်အားလုံးကို သင့်အား ပံ့ပိုးပေးပါသည်။ VCANPRINT မှ ပံ့ပိုးပေးသော မှင်များသည် ပလတ်စတစ်အိတ်များ၊ သတ္ထု။ ဖန်၊ ရေပုံး၊ အဝတ်အထည်စသည့် ပစ္စည်းများပေါ်တွင် ပုံနှိပ်ခြင်းကဲ့သို့သော သင့်ဖောက်သည်များ၏ လိုအပ်ချက်အားလုံးကို ဖြည့်ဆည်းပေးနိုင်ပါသည်။
    မှင်များ ကြည့်ရန်
  2. အသက်သာဆုံး ထုပ်ပိုးအိတ်များ သို့မဟုတ် လက်ဆောင်ပစ္စည်းများ (ထီး၊ ဘောပင်၊ ခွက်)။
    ထုပ်ပိုးပစ္စည်းများ ကြည့်ရန်

Q: တစ်လလျှင် ဝင်ငွေမည်မျှ ရရှိနိုင်ပါသလဲ။
A: ဝင်ငွေမည်မျှရရှိနိုင်သည်မှာ သင်မည်မျှ ကြိုးစားအားထုတ်မှုအပေါ် မူတည်ပါသည်။ တူညီသောလုပ်ငန်းတွင်ပင် လူအချို့က ငွေများစွာရှာနိုင်သော်လည်း အချို့က ကျရှုံးနိုင်ပါသည်။ ပုံနှိပ်လုပ်ငန်းတွင် မအောင်မြင်သူနည်းပါးပြီး‌အောင်သူများစွာရှိပါသည်။ VCANPRINT မှ သင့်အား မည်သည့်အရေးကြီးသော အထောက်အပံ့များ ပေးသည်ကို ဆက်လက်လေ့လာကြည့်ပါ။

Q: အိတ်တစ်လုံး ပုံနှိပ်လျှင် အမြတ်မည်မျှ ရရှိနိုင်ပါသလဲ။
A: ဤအရာကို တွက်ချက်ရန် အလွန်လွယ်ကူပါသည်။ နံပါတ် ( ၁ ) ပလတ်စတစ်အိတ်ကို ဥပမာအနေဖြင့် ယူကြည့်ပါ။ အဖြူရောင် လက်ကိုင်အိတ် အကြောင်းကို ဤလင့်ခ်တွင် ကြည့်ရှုနိုင်ပါသည်။
ဤအဖြူရောင် ပလတ်စတစ်အိတ်ကို ပုံနှိပ်ရန်အတွက် P8 အမျိုးအစားမှင်ကို အသုံးပြုရန်လိုအပ်ပြီး ဤမှင် ၁ ကီလိုဂရမ်လျှင် ၈၀၀၀၀ ကျပ်ခန့်ရှိပါသည်။

၁။ ၁ ကီလိုဂရမ် P8 မှင်ဖြင့် နံပါတ် ၁ ( ၈ လက်မ x ၁၁ လက်မ ) ပလတ်စတစ်အိတ်ကို အခု ၅၀၀၀ ခန့် ပုံနှိပ်နိုင်သည်။ အိတ်တစ်လုံးလျှင် မှင်ကုန်ကျစရိတ်မှာ ၁၆ ကျပ်ခန့်ဖြစ်သည်။

၂။ အိတ်၏ ကုန်ကျစရိတ် ၇၂ ကျပ်ဖြစ်သည်။

၃။ နံပါတ် ၁ ( ၈ လက်မ x ၁၁ လက်မ ) ၏ စျေးကွက်စျေးနှုန်းမှာ တစ်လုံးလျှင် ၂၀၀-၂၂၀ ကျပ် (ပုံနှိပ်ခအပါအဝင်) ဖြစ်ပြီး သင့်ကုန်ကျစရိတ်မှာ အိတ် ၇၂ ကျပ် + မှင် ၁၆ ကျပ်ဖြစ်သည်။
ထို့ကြောင့် ၂၀၀-၇၂-၁၆= သည် သင့်အမြတ်ဖြစ်ပါသည်။ ၎င်းသည် အသားတင်အမြတ်မဟုတ်ဘဲ သင့်လုပ်အားခအချို့ကိုလည်း ထပ်မံနုတ်ယူရပါမည်။ ကျွမ်းကျင်သော ပုံနှိပ်သူတစ်ဦးသည် တစ်ရက်လျှင် အိတ် 2000 သို့မဟုတ် ထို့ထက်ပို၍ ပုံနှိပ်နိုင်သည်။
***သင်သိထားရမည့်အချက်မှာ VCANPRINT.COM ရှိ စျေးနှုန်းများသည် VCANPRINT သင်တန်းသားများနှင့် VIP ဖောက်သည်များအတွက်သာ ဤမျှသက်သာသော စျေးနှုန်းများဖြစ်သည်။***

Q: အဝတ်အစားပုံနှိပ်ခြင်းနှင့် ထုပ်ပိုးအိတ်ပုံနှိပ်ခြင်း ကွာခြားချက်မှာ အဘယ်နည်း။
A: နှစ်ခုစလုံးသည် ပိုးဇာဘောင်ဖြင့် ပုံနှိပ်ခြင်းဖြစ်ပြီး အဝတ်အစားပုံနှိပ်ခြင်းအတွက် 100-120 Mesh(မတ်) ပိတ်စကို အသုံးပြုပြီး ပလတ်စတစ်အိတ်ကဲ့သို့သော ထုပ်ပိုးပစ္စည်းများကို ပုံနှိပ်ရန်အတွက် အများအားဖြင့် 200-300 Mesh(မတ်) ပိတ်စကို အသုံးပြုပါသည်။ အသုံးပြုသည့် ဇာမတ်များ ကွဲလွဲသွားသော်လည်း ဘောင်ကျစ်ခြင်းပြုလုပ်သည့် လုပ်ငန်းစဉ်မှာ (100%) တူညီပါသည်။

ကျွန်ုပ်တို့၏ သင်တန်းစျေးနှုန်းနှင့် သင်ယူမှုအကြောင်းအရာများကို အောက်တွင် လေ့လာကြည့်ပါ

သင်တန်းကို အောက်ပါအတိုင်း ခွဲခြားထားပါသည်- (အွန်လိုင်းသင်တန်းနှင့် အော့ဖ်လိုင်းသင်တန်းမှ သင်တန်းသားများအားလုံးသည် VCANPRINT.COM အဖွဲ့ဝင်များ ဖြစ်လာမည်ဖြစ်ပြီး အရည်သွေးပြည့်မီသော မှင်နှင့် အိတ်များကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးမည်ဖြစ်သည်။)

အွန်လိုင်းသင်တန်း- စျေးနှုန်း ၂၀၀၀၀၀ ကျပ်

  • a. အခြေခံလက်မှုအတတ်ပညာ အနည်းငယ်ရှိသော သင်တန်းသားများအတွက် သင့်တော်ပါသည်။
    (တကယ်တော့ ပိုးဇာဘောင်ဖြင့် တံဆိပ်ရိုက်ခြင်းသည် အလွန်ရိုးရှင်းသော အလုပ်တစ်ခုဖြစ်ပြီး မည်သူမဆို အချိန်တိုအတွင်း ကျွမ်းကျင်နိုင်ပါသည်။ သင်ဗီဒီယိုတွင် မြင်တွေ့ရသည့်အတိုင်း ရိုးရှင်းပါသည်။)
  • b. ရန်ကုန်နှင့် တာချီလိတ်မြို့မှ သင်တန်းသားများမှလွဲ၍ အခြားမြို့များမှ သင်တန်းသားများအတွက်ဖြစ်သည်။ (VCANPRINT သည် ရန်ကုန်နှင့် တာချီလိတ်တွင် အော့ဖ်လိုင်းသင်တန်းများ ပေးပါသည်။)

အော့ဖ်လိုင်းသင်တန်း- စျေးနှုန်း ၄၀၀၀၀၀ ကျပ်

အားသာချက်မှာ ဆရာ၏ လမ်းညွှန်မှုအောက်တွင် ပိုမိုမြန်ဆန်စွာ ကျွမ်းကျင်နိုင်ခြင်းဖြစ်သည်။

လက်ဆောင်ပစ္စည်းများ: အွန်လိုင်းနှင့် အော့ဖ်လိုင်းသင်တန်းသားများအားလုံးအတွက် ပေးအပ်ပါမည်

  • ပုံနှိပ်ဘောင် ၁#(၄.၇လက်မ*၇လက်မ) *၁
  • ပိုးသားပိတ်စ တစ်ခု *၁
  • ၂၅ မီလီလီတာ P8 မှင် *၁
  • ဒီဇိုင်းပုံ *၁
  • နှစ်ဖက်ကပ်တိပ် *၁
  • အဖြူရောင် လက်ကိုင်အိတ် *၂၀
  • ကော် *၁

သင်ကိုယ်တိုင် ဝယ်ယူရန် လိုအပ်သောပစ္စည်းများ: (သင်သည် ဒေသတွင်း၌ ဝယ်ယူနိုင်သည် သို့မဟုတ် VCANPRINT ထံမှ ဝယ်ယူနိုင်သည်)

သင်ယူမည့်အကြောင်းအရာများ
  1. အလင်းခံကော် ရွေးချယ်ခြင်းနှင့် ရောစပ်ခြင်း
  2. ရော်ဘာခြစ်တံအကြောင်းနှင့် ပြားချပ်သောပုံစံနှင့် ချွန်ထက်သောပုံစံ ကွာခြားချက်ကို နားလည်ခြင်း
  3. ပိုးသားပိတ်စ၏ မက်ရှ်အရေအတွက်ကို နားလည်ခြင်း
  4. ပုံနှိပ်ဘောင်တစ်ခုကို လက်တွေ့ပြုလုပ်ခြင်း
    1. ဘေင်ကျစ်ခြင်း
    2. အလင်းခံကော် ဖြန့်ခြင်း
    3. ပုံကူးခြင်း
    4. ဆေးကြောခြင်း
    5. ဒုတိယအကြိမ် ဓာတ်ပုံကူးခြင်း
  5. မှင်ဖျော်စပ်ခြင်း
  6. ပုံနှိပ်ပစ္စည်းများ စီစဉ်ခြင်းဆိုင်ရာ နည်းစနစ်များ
  7. ပုံနှိပ်ခြင်း စတင်ခြင်း

အကယ်၍ သင်သည် အခြားသူများ၏ မျက်နှာကို ကြည့်၍ အလုပ်လုပ်ခြင်းကို စွန့်လွှတ်ပြီး သင်၏ကိုယ်ပိုင်လုပ်ငန်းကို ကြိုးစားတည်ထောင်လိုပါက VCANPRINT သို့ ဆက်သွယ်ရန် ကြိုဆိုပါသည်။ ထပ်ပြောလိုသည်မှာ သင်သည် အခက်ခဲဒုက္ခကို မကြောက်သရွေ့၊ သင်သည် ကြိုးစားအားထုတ်လိုသရွေ့ ပိုးသားစခရင် ပုံနှိပ်လုပ်ငန်းကို မည်သူမဆို ဝင်ရောက်နိုင်ပါသည်။

https://www.facebook.com/vcanprint
Viber & Phone : 0 99886 99886